တန့်ဆည်သာလေး

တန်ဆည်သားလလော့မှကြိုဆိုပါတယ် လာရောက်သူအားလုံးရွှင်လန်းချမ်းမြေ့ပါစေ

Thursday, July 23, 2015

mpt နှင့် coca cola တို့ပူးပေါင်းကာ ငေ့ဖြည်းပေးမည့်အစီအစဉ်

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Coca Cola Myanmar တို့ပူးပေါင်းကာ အခမဲ့ဖုန်းငွေဖြည့်ပေးသည့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။
 MPT ၏ GSM, WCDMA သုံးစွဲသူများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။

Coca-Cola Myanmar မှထုတ်သော အချိုရည်များ အကျုံးဝင်မည်ဖြစ်ကာ ယင်းအချိုရည်များကို ဝယ်ယူပြီး ကုတ်နံပါတ်များကို အဖုံးအတွင်း ရယူနိုင် မည်ဖြစ်ကြောင်း၊ ရရှိသော ကုတ်နံပါတ်ကို ၂၆၂၆ သို့ SMS အခမဲ့ပေးပို့ရမည်ဖြစ်ပြီး လက်ခံရရှိကြောင်း ပြန်ပို့လာသော SMS အဝင်ကို စောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ ဆုမဲပေါက်ပါက ပေါက်သော ဖုန်းဘီလ်ပမာဏကို ကုတ်နံပါတ်ပေးပို့လာသည့် ဖုန်းသို့ အလိုအလျောက် ဖြည့်သွင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါဖုန်းဘီလ်များကို စတင်အသုံးပြုသည့် အချိန်မှစ၍ ၁၂ လအတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပေးပို့သော ကုတ်နံပါတ်များ အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

တစ်ရက်လျှင် ဖုန်းနံပါတ်တစ်ခုမှ ငါးခုအထိ အများဆုံးပေးပို့နိုင်မည်ဖြစ်ပြီး ဖုန်းဘီလ်များမှာ ၂၀၀ ကျပ်မှ ၁၀ သိန်းအထိ ပါမည်ဖြစ်ကြောင်းသိရသည်။ တန်ဖိုး အမြင့်ဆုံး ၁၀ သိန်းကျပ်ရရှိသူ၏ ဖုန်းငွေဖြည့်မှုမှာ လေးနှစ်အထိ သက်တမ်းခံစားခွင့် ရှိမည်ဖြစ်ကြောင်း၊ စုစုပေါင်း ဆုမဲပေါင်း ၁၅ သန်းကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဆုမဲများနှင့်ပတ်သက်၍ MPT ဖုန်းဖြင့် ၁၀၆ သို့ ခေါ်ဆိုမေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Credit==>internetjournal

No comments:

Post a Comment