တန့်ဆည်သာလေး

တန်ဆည်သားလလော့မှကြိုဆိုပါတယ် လာရောက်သူအားလုံးရွှင်လန်းချမ်းမြေ့ပါစေ

Sunday, May 10, 2015

ပဲခူးက ခြံဝင်း အဟောင်းထဲ လူသေ အလောင်းများ လာဖျောက်ဖျက်

Share
(ရန်ကုန်၊ မေ ၅)
မေလ ၅ ရက်တွင် ပဲခူးတိုင်း အင်းတကော် မြို့နယ်၊  အမှတ်(၂) ရပ်ကွက်ရှိ လူမနေသော ခြံဝင်းအလွတ် တစ်ခုထဲသို့ အမည်မသိ အ လောင်း နှစ်လောင်း လာရောက်  ဖျောက်ဖျက်သော အမှုဖြစ်ပွားခဲ့ ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှ သိရ သည်။
ယင်းဖြစ်စဉ်မှာ  ပဲခူးတိုင်း ဒေသကြီး အင်းတကော်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ခြံဝင်း အလွတ်တစ်ခုထဲသို့ အဖြူရောင် ပရိုဘောက် ကားတစ်စီးဖြင့် သေ ဆုံးနေသော အမျိုးသား လူသေအ လောင်း နှစ်လောင်းကို မွန်းလွဲ တစ်နာရီခွဲခန့်တွင် လာရောက်စွန့် ပစ်ကြောင်း ယင်း ရပ်ကွက်ရှိ ဆိုင် ကယ် ကယ်ရီမောင်းသူ တစ်ဦးက ရဲစခန်းသို့ အကြောင်း ကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
အလောင်း နှစ်လောင်းတွင် ပက်လက် သေဆုံးနေသော အသက် ၄၅ နှစ် အရွယ်ခန့်ရှိ အလောင်းမှာ နို့အုံတွင် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဝဲဘက်ပေါင်တွင် ထိုးသွင်း ဒဏ်ရာ ခြောက်ချက်၊ ယာဘက်ပေါင်တွင် ထိုးသွင်း ဒဏ်ရာတစ်ချက် စုစုပေါင်း ဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေပြီး၊ မှောက်ခုံဖြင့် တွေ့ရသော အသက် ၅ဝ ခန့်ရှိအလောင်း မှာ ယာဘက် ခါးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ကုပ်တွင် ထိုးသွင်းဒဏ် ရာ  တစ်ချက်တို့ဖြင့် သေဆုံးနေ ကြောင်း တာဝန်ကျ ဒုရဲအုပ် တစ်ဦး က ပြောသည်။
ယင်းအမှုကို အင်းတကော်  ရဲစခန်းမှ ပြစ်မှုနံပါတ် (ပ) ၅၈၊ ပုဒ်မ ၃ဝ၂/၂ဝ၁ လူသတ်အ လောင်း ဖျောက်ဖျက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလောင်း လာရောက်စွန့် ပစ်သော အဖြူရောင် ပရိုဘောက် ကားမှာ လက်ရှိအချိန်တွင် ရန်ကုန် ဘက်သို့ မောင်းပြေး သွားသည်ဟု သတင်း ရရှိသည့် အတွက် ဆက် လက် စုံစမ်းနေကြောင်း သတင်းရ ရှိသည်။

No comments:

Post a Comment