အမှိုက်ကောက်ပြီး ဒါနပြုတဲ့ မိန်းကလေး
အသက် ၁၆ နှစ် အရွယ်ရှိသည့် မိန်းကလေး
တစ်ဦးသည် အမှိုက်ပုံများ၊ လမ်း ဘေးများမှ ပြန်ရောင်းချ၍ ရသည့် ဘီယာ
ဘူးခွံကဲ့ သို့သော စွန့်ပစ်ပစ္စည်း များကို ကောက် ယူရောင်းချကာ
ဝင်ငွေရှာပြီး အ လှူဒါနပြုလုပ်လေ့ ရှိကြောင်း သိရသည်။
အဆိုပါ မိန်းကလေးမှာ မလေးရှား နိုင်ငံ
မလက္ကာဒေသ ရှိ Merlimau မြို့တွင် နေထိုင်သည့် J.Shalini ဆိုသူ ကျောင်းသူ
ကလေး တစ်ဦး ဖြစ်သည်။ သူမသည် ၂ဝ၁၁ ခုနှစ် မှစကာ ယင်းသို့ စိတ်ကူး ရခဲ့
ခြင်းဖြစ်ပြီး လစဉ်လတိုင်း အမှိုက်ကောက် ၍ ရောင်းရသောငွေ များဖြင့် ကင်ဆာ
ရောဂါဝေဒနာသည် များအတွက် ရည်ရွယ် လှူဒါန်းရာ တစ်လ လျှင် မလေးငွေရင်းဂစ် ၅ဝ
မှ ၇ဝ အထိ လှူဒါန်းနိုင်ခဲ့သည်။
သူမသည် ကျောင်း မှပြန်လွှတ်လိုက်
ပြီးနောက်တွင် အမြဲတမ်း အချိန်တစ်နာ ရီခန့်အသုံးပြုကာ ပြန်လည် ရောင်းချ၍ရ
သည့် အမှိုက်များကို ကျောင်း ပတ်ဝန်းကျင် အနီး တစ်ဝိုက်တွင် ကောက်ယူ
စုဆောင်း လေ့ရှိသည်ဟု ဆိုသည်။
သူမ၏ အဆိုပါ ချီးကျူး အတုယူဖွယ်
စိတ်ဓာတ်ကို လေးစားသ ဖြင့် မလေးရှားရှိ အမျိုးသား ကင်ဆာအဖွဲ့အစည်းမှ စီမံ
ကိန်း မန်နေဂျာဖြစ်သူ မီကီချူးက သူမအား အသက် အငယ်ဆုံး ပါဝင်အားဖြည့် ကူညီ
လှူဒါန်းသူ အဖြစ် အသိအမှတ်ပြုထား သည်။
”ရင်းဂစ် ငါးဆယ် ဆိုတာ မပြောပ လောက်ပေမယ့်
ကျွန်မတို့ အဖွဲ့အစည်း အတွက်တော့ အင်အား ရှိတဲ့ အရာတစ်ခု လို့ ဆိုရပါမယ်။
နိုင်ငံမှာ ရှိတဲ့ ကင်ဆာ ရောဂါ သည်တွေ အတွက် ကူညီထောက်ပံ့ တဲ့ ဒီအစီအစဉ်
အတွက်လည်း လုပ်ဆောင် ချက် တစ်ခု အနေနဲ့ အမြဲ အသုံးတည့်နေပါ တယ်” ဟု သူမက
ဆိုခဲ့သည်။
No comments:
Post a Comment